ရက္ခိုင်ပြည်တွင်း ဖြစ်ပေါ်တိုးတက်မှုများအား ဆန်းစစ်ခြင်း မိုခါဆိုင်ကလုန်းအလွန် ၁ လပြီးနောက် အခြေအနေများ

A Myanmar commentary by Border News Agency*

နိုင်ငံတော် စီမံခန့်ခွဲရေးကောင်စီ (နစက) နှင့် ရက္ခိုင့်တပ်တော် (အေအေ) တို့ကြား အပစ်အခတ်ရပ်စဲရေးလုပ်ထားစဥ်အတွင်းမှာပင် ရက္ခိုင်ပြည်တွင်း ဆိုင်ကလုန်းမိုခါသည် ပျက်စီးဆုံးရှုံးမှုများကို ဖြစ်စေခဲ့သည်။ ယခုဆောင်းပါးတွင် Border News Agency  မှ မုန်တိုင်းအကျိုး သက်ရောက်မှုများ၊ အာဏာပိုင်များမှ တုန့်ပြန်ဆောင်ရွက်ပုံ နှင့် ယခုထက်တိုင်ဆက်ရှိနေသည့် အတားအဆီး အခြေအနေများအပေါ် သုံးသပ်ထား သည်။ ပဋိပက္ခထဲ ကျရောက်နေသော တိုင်းပြည်တခုအနေဖြင့် ဒေသခံအသိုင်းအဝိုင်း၊ အရပ်ဘက်အဖွဲ့အစည်း နှင့် အစိုးရမဟုတ်သော လက်နက်ကိုင်အဖွဲ့အစည်း (non-state armed group- NSAG) များကြား ပူးတွဲဆောင်ရွက်မှု မှ ထိခိုက်ခံစားနေကြရသူများထံ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည် ထူထောင်ရေးအကူအညီများ ရောက်ရှိနိုင်ရန် ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို အပြောင်းအလဲသစ်စ်ခုအဖြစ် ( a new paradigm) လိုအပ်လျက်ရှိနေသည်။

Authors

Longread by

Border News Agency
Rathedaung town from a nearby hill, 25 May

Credit: BNA

ရသေ့တောင်မြို့မြင်ကွင်း ၊ ၂၅ မေ ၂၀၂၃

ကူညီကယ်ဆယ်ရေးအတွင်း အစိုးရမဟုတ်သော အဖွဲ့များ၏ အခန်းကဏ္ဍ

ိုင်ငံ၏ အခြားတိုင်းနှင့် ပြည်နယ်များနှင့် နိုင်းယှဥ်လိုက်လျှင် ရက္ခိုင်ပြည်တွင်း အစိုးရမဟုတ်သော ဒေသခံ အဖွဲ့အစည်းများ နှင့် အရပ်ဘက်အဖွဲ့အစည်းများ ဖြစ်ထွန်းတိုးတက်မှုမှာ အထူးသဖြင့် အရေးပေါ်ကူညီရေး နှင့် လူသားချင်းစာနာမှုဆိုင်ရာ ထောက်ပံ့မှုပေးခြင်းနယ်ပယ်တွင် နောက်ကျသည်ဟု ဆိုနိုင်ပါသည်။ နိုင်ငံတကာအစိုးရမဟုတ်သော အဖွဲ့အစည်းများ (INGOs) သည်လည်း တဖက်တွင် ၁၉၉၀ ပြည့်လွန်နှစ်များကတည်းက မြန်မာနိုင်ငံတွင်း အနည်းအကျဥ်းနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ရိုဟင်ဂျာများထွက်ပြေးရခြင်း ကိစ္စကိုသာ အဓိက အာရုံထားလုပ်ကိုင်ခဲ့ကြသည်။ ဒေသတွင်း လူမှုရေးဆိုင်ရာ အရပ်ဘက်အဖွဲ့အစည်း အမျိုးမျိုးကို ဖွဲ့စည်းထားခဲ့သော်လည်း အဆိုပါ အဖွဲ့များသည် လျော့ရဲစွာ ရပ်တည်လည်ပတ်ခဲ့သည်။ အရင်းအမြစ်အားဖြင့်လည်း မလုံလောက်သောကြောင့် ၎င်းတို့၏ အရေးပေါ်ကူညီကယ်ဆယ်ရေး လုပ်နိုင်စွမ်းများမှာ အကန့်အသတ်နှင့်သာရှိပြီး၊ နေ့စဥ်နှင့်အမျှ ဖိနှိပ်သော နိုင်ငံရေးဝန်းကျင် အောက်တွင် ကန့်သတ် မှအမျိုးမျိုး ကြုံခဲ့ကြရသည်။

အဆိုပါ အခြေအနေများမှာ ၂၀၁၁ ခုနှစ် နိုင်ငံရေးအဖွင့် နှင့် ၂၀၁၂ ရက္ခိုင်ပြည်တွင်း အသိုင်းအဝိုင်းများကြား ပဋိပက္ခဖြစ်သောအခါ အလှည့်အပြောင်းကာလတခုသို့ ရောက်ရှိလာပေသည်။ နောက်ဆက်တွဲ ကိစ္စများဖြစ်သော ၂၀၁၄ ရေကြီးမှု ၂၀၁၆-၁၇ ရိုဟင်ဂျာများ ထွက်ပြေးရမှု နှင့် ၂၀၁၈ မှစတင်လာသော အေအေ နှင့် မြန်မာစစ်တပ်တို့ကြား လက်နက်ကိုင် တိုက်ပွဲများကြောင့် ဒေသခံအစိုးရမဟုတ်သော အဖွဲ့အစည်းများနှင့် အရပ်ဘက်အဖွဲ့အစည်းများမှာ ထူထူထောင်ထောင်နှင့် အင်အားကောင်းလာရန် ခိုင်မာသော အဟုန်တခုကို ရလာခဲ့သည်။ သို့သော် ယခု ၂၀၂၁ စစ်အာဏာသိမ်းမှု နောက်ပိုင်းတွင် ရက္ခိုင်ပြည်တွင်း အရပ်ဘက်လူမှု ဝန်းကျင်မှာ စိန်ခေါ်မှု သစ်တစ်ခုအောက်သို့ ရောက်ရှိလာပေသည်။ စကစမှ ချမှတ်ထားသော ကန့်သတ်မှုျားကို လိုက်နာပြီး၊ကြားနေလိုသော အုပ်စုနှင့် စကစ နှင့် အဆက်အသွယ်ဖြတ်ပြီး၊ တရားနည်းလမ်းကျမှု အာဏာကို မပေးလိုသော အုပ်စု တို့ကြားတွင် အကွဲအပြဲသစ်ကို ဖြစ်စေခဲ့သည်။

မကြာသေးခင်ကလည်း ပြည်တွင်း အစိုးရမဟုတ်သော အဖွဲ့အစည်းများနှင့် အရပ်ဘက်အဖွဲ့အစည်းများသည် ဆိုင်ကလုန်းသက်ရောက်ခဲ့သော ဒေသများတွင် အရေးပေါ်ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို လုပ်ကိုင်လိုပါက ၎င်းတို့ထံမှ ခွင့်ပြုချက်ကို ရယူရမည်ဟု စကစအာဏာပိုင်များမှ ထုတ်ပြန်ခဲ့သည်။ သို့သော် ထိုကိစ္စသည် ဒေသခံအဖွဲ့အစည်းများအတွက် ခက်ခဲမှု နှင့် ချီတုံချီချဖြစ်မှုကို ဖြစ်စေခဲ့ပြီး၊ ထိုကဲ့သို့ အာဏာပိုင်များထံမှ ခွင့်ပြုချက်တောင်းရခြင်းသည် ကြန့်ကြာမှု နှင့် မလုံခြုံသော လုပ်ငန်းဆောင်ရွက်ခြင်းကို ဖြစ်ပေါ်စေနိုင်သည်ဟု မြင်ကြသည်။ ထိုကဲ့သို့ တောင်းဆိုမှုသည် ဘေးအန္တရာယ်ကျရောက်သော နယ်မြေများတွင် အကူအညီပေးမှုကို ညှိနှိုင်းဆောင်ရွက်ရန် နှင့် အကူအညီပေးမှုများ စနစ်မကျဖြစ်နေခြင်းကို ကိုင်တွယ်ရန် ရည်ရွယ်ကာ အခြေခံ ကူညီကယ်ဆယ်ရေးအချက်အလက်များကိုသာပေးရန် တောင်းဆိုသည့်  ULA အာဏာပိုင်များ၏ သဘောထားနှင့် ဆန်ကျင့်က်ဖြစ်နေပေသည်။

 မိုခါဆိုင်ကလုန်းအလွန် အရေးပေါ်ကူညီကယ်ဆယ်ရေးနှင့် ထောက်ပံ့ရေးကိစ္စများတွင် ပြည်တွင်းအဖွဲ့အစည်းနှင့် အရပ်ဘက်အဖွဲ့အစည်းများ၏ အခန်းကဏ္ဍ နှင့် ပတ်သက်လာလျှင် အနည်းဆုံး အုပ်စု () ခုခန့် ရှိနေပေသည်။ ပထမအုပ်စုတွင် နိုင်ငံတကာအစိုးရမဟုတ်သော အဖွဲ့အစည်းများနှင့် ကုလသမဂ္ဂအဖွဲ့အစည်းများထံမှ အကူအညီများကို တဆင့်ဖြန့်ဝေသော အဖွဲ့များဖြစ်သည်။ ဒုတိယအုပ်စုထဲတွင် နိုင်ငံတွင်း နှင့် ပြည်ပမှ စ်ဦးစ်ယောက်ခြင်း အလှုရှင်များ (သို့) အဖွဲ့အစည်းများမှ လှုဒါန်းမှုများကို တဆင့် ဖြန့်ဝေသော ဒေသခံ ပရဟိတအဖွဲ့အစည်းများပါဝင်သည်။ တတိယအုပ်စုမှာ အထက်ပါနည်းလမ်းနှစ်ခုလုံးကို အသုံးပြုသော အဖွဲ့များဖြစ်ပါသည်။

 ယနေ့အချိန်ထိ ဒုတိယအုပ်စုဝင် အဖွဲ့များသည် ခြား အုပ်စုများထက် ပိုမိုကောင်းမွန်စွာ အကူအညီများကို ပေါင်းစပ်ညှိ့နိုင်းပြီး လုပ်ကိုင်နိုင်သည်ကို တွေ့ရပါသည်။ သို့သော် မြို့ပေါ် နှင့် တခြား ထိစပ်ဒေသများမှ လွဲ ဝေးလံခေါင်ဖျားဒေသများသို့ အကူအညီများ ပေးပို့နိုင်ရန် ၎င်းတို့အနေဖြင့်လည်း အခက်အခဲတွေ့နေဆဲဖြစ်သည်။ တခြား အဖွဲ့အစည်းများကဲ့သို့ပင် ၎င်းတို့အနေဖြင့် အရင်းအမြစ်များကို လျှင်မြန်စွာ စုစည်းထောက်ပံ့နိုင်သော အားသာချက်များရှိသည်။ သို့သော် ၎င်းတို့၏ အခက်အခဲများမှာ မလုံလောက်သော ငွေကြေးနှင့် ရုပ်ဝတ္ထုပစ္စည်းဆိုင်ရာ အရင်းအမြစ်များ၊ သတင်းအချက်အလက်မလုံလောက်မှု စနစ်ကျသော ကူညီတုန့်ပြန်ရေး မူဝါဒများ နှင့် ဦးစားပေး နယ်မြေများကို သတ်မှတ်ရွေးချယ်ရခြင်း ကိစ္စတို့ပါဝင်ပေသည်။

 ထိုကဲ့သို အခက်အခဲ၊ စိန်ခါ်မှု အမျိုးမျိုးကို ကြုံတွေ့နေရသည်မှာ ပြည်တွင်းအဖွဲ့အစည်းများနှင့် အရပ်ဘက်အဖွဲ့အစည်းများသာမဟုတ်ဘဲ၊ ကုလသမဂ္ဂနှင့် ခြားသော နိုင်ငံတကာလူသားချင်းစာနာမှု ဆိုင်ရာ အဖွဲ့အစည်းများတွင်လည်း တွေ့ရသည်။ ဆိုင်ကလုန်းပြီးကတည်းကပင် သဘာဝဘေးအန္တရာယ် ကျရောက်ခဲ့သော ဒေသများတွင် အရေးပေါ်ကူညီကယ်ဆယ်ရေးများ လုပ်ဆောင်နိုင်ရန်အတွက် နစကအာဏာပိုင်များထံမှ ခွင့်ပြုချက်ကို စောင့်ဆိုင်းတောင်းခံနေခဲ့သော ကုလသမဂ္ဂ လူသားချင်းစာနာမှု ဆိုင်ရာ ပေါင်းစပ်ညှိ့နိုင်းရေးရုံး (UNOCHA) ရပ်တည်ချက်ကို များစွာသော ဝေဖန်မှု ျားရှိနေခဲ့ပေသည်။ တဖက်တွင် ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ (WFP) နှင့် နိုင်ငံတကာ ကြက်ခြေနီအဖွဲ့ (ICRC) တို့သည် ဆိုင်ကလုန်းတိုက်ခတ်ပြီး ရက်အနည်းငယ်ကတည်းကပင် စစ်တွေ နှင့် ရသေ့တောင်မြို့နယ်များအပါအဝင် နစက ထိန်းချုပ်ရာ မြို့ပေါ်ဒေသများ နှင့် ULA ထိန်းချုပ်ရာ ကျေးလက်ဒေသများတွင်ပါ လူသားချင်းစာနာမှုဆိုင်ရာ ထောက်ပံ့မှုျား ပြုလုပ်နိုင်ခဲ့သည်ဟု ဒေသတွင်း သတင်းရင်းမြစ်များစွာမှ ဖော်ပြကြပေသည်။

ထိုကဲ့သို့ ကြန့်ကြာမှုများကြောင့် ဆိုင်ကလုန်းမှသက်ရောက်သော အကျိုးဆက်များကို ပိုမို ဆိုးရွားစေခဲ့ပေသည်။ ထိခိုက်ပျက်စီးမှုသည် ကြီးမားလှပြီး၊ ဒေသခံအဖွဲ့အစည်းများမှ ကူညီထောက်ပံ့နိုင်မှုသည် လုံလောက်မှု လွန်စွာ နည်းလှသည်။ အဆိုပါ အခြေအနေများကို ပိုမို အကျပ်အတည်းဆိုက်စေခဲ့သည်မှာ ကုလသမဂ္ဂနှင့် နိုင်ငံတကာအဖွဲ့အစည်းများကို လက်ရှိ စစ်အရာရှိများ ပါဝင်ကာ ဖွဲ့စည်းထားသောပြန်လည်ထူထောင်ရေး ကော်မတီမှ တဆင့်သာ ထောက်ပံ့ကူညီခွင့်ပေးမည်ဟု နစက အာဏာပိုင်များမှ မကြာသေးခင်က ထုတ်ပြန်ချက်ဖြစ်သည်။ နောက်ထပ် ထုတ်ပြန်ချက်တခုတွင်လည်း လူသားချင်းစာနာမှုအထောက်ပံ့ပေးနေသူများအနေဖြင့် နစက အာဏာပိုင်များထံမှ ခွင့်ပြုချက်ရယူပြီးမှသာ ခရီးသွားလာခွင့်ပေးမည်ဟုလည်း ဆိုထားသည်။ ထိုကဲ့သို့ ထုတ်ပြန်ချက်များသည်လူသားချင်းစာနာခြင်း’ (humanity)ကြားနေခြင်း’ (neutrality)ဘက်မလိုက်ခြင်း’ (impartiality) နှင့်လွတ်လပ်မှုှိခြင်းဟူသော ကုလသမဂ္ဂ လူသားချင်းစာနာမှု ဆိုင်ရာ အခြေခံမူများကို ချိုးဖောက်လိုက်ခြင်းလည်း ဖြစ်သည်။

လက်တွေ့တွင် အဆိုပါ လူသားချင်းစာနာမှုဆိုင်ရာမူများသည် နစက၏ တဖက်သတ် ဆုံးဖြတ်ချက် များကို စောင့်ဆိုင်းနေခြင်း နှင့် UNOCHA အနေဖြင့် အရေးပေါ်ကူညီကယ်ဆယ်ရေး များလုပ်ဆောင်ရန်ကိုယ်ပိုင်ဆုံးဖြတ်ခွင့်’ (autonomy) ကင်းမဲ့နေမှုကြောင့် ယခင်ကတည်းက ချိုးဖောက်ခံနေရပြီး ဖြစ်ပေသည်။ ထိုကဲ့သို့ အဖျက်သဘော လုပ်ရပ်များ၏ ဆိုးကျိုးများကိုလည်း ကုလသမဂ္ဂဌာနေ ညှိ့နိုင်းရေး နှင့် လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ရေးမှူး ဇွန်လ ၁၄ ရက်နေ့ထုတ်ပြန်ချက်တွင်

 လိုအပ်သည့် ကူညီထောက်ပံ့ရေးကို တားမြစ်ခြင်းသည် အိုးမဲ့အိမ်မဲ့ဖြစ်နေသူ အစားအသောက်ပြတ်လပ်နေသူများ၏ ထိခိုက်ခံစားနေရမှုကို ပိုမို ကြာရှည်စေသည်။ ထိုကိစ္စသည် အစားအသောက် ပြတ်လတ်ခြင်း နှင့် ရေကြောင့်ဖြစ်သော ရောဂါ၏ အန္တရာယ်ကိုလည်း ပိုမိုကြီးမားစေနိုင်ပါတယ်”  ဟု ဖော်ပြထားသည်။

 လက်ရှိကာလတွင် ထိုကဲ့သို့ လိုအပ်မှုျားကို ကိုင်တွယ်ဆောင်ရွက်နိုင်ရန် အလားအလာအခွင့်အလမ်း အနည်းငယ်သာ ရှိပေသည်။ ၎င်းတို့၏ နောက်ဆုံးထုတ်ပြန်ချက်တခုတွင် UNOCHA မှ လိုအပ်သော ငွေကြေး နှင့် လက်ခံရရှိထားသော ငွေကြေး ကွာဟမှုမှာ ယူအက်စ်ဒေါ်လာ ၃၃၃ သန်း နှင့် ၂၁. သန်း ဟု ဖြစ်နေသည်ဟု ဖော်ပြထားပြီး၊ ဘေးအန္တရာယ်ကျရောက်ခဲ့သော ဒေသများသို့ သွားလာ ဆက်သွယ်ရေးကိစ္စများကို တားမြစ်ခံထားရဆဲ ဖြစ်သည်ဟု ဖော်ပြထားသည်။

A Rakhine IDP camp in Rathedaung township struck by Cyclone Mocha

Credit: BNA

ရသေ့တောင်မြို့နယ်အတွင်းရှိ မုန်တိုင်းဒဏ်ခံခဲ့ရသည့် ရခိုင်ဒုက္ခသည်စခန်း

နိုင်ငံရေး အာဏာပိုင်နှစ်ခု၏ ကူညီရေးလုပ်ဆောင်ချက်များ

မကြာသေးခင်က တိုက်ခတ်ခဲ့သော ဆိုင်ကလုန်းမိုခါသည် ရက္ခိုင်ပြည်တွင်း နစက နှင့် ULA အာဏာပိုင် နှစ်ခုတို့ကြား စစ်ရေး-နိုင်ငံရေးဆက်ဆံရေးကို သိသာသော အကျိုးသက်ရောက်မှုျားရှိနိုင်သည်ဟု လေ့လာသုံးသပ်သူများမှ မှတ်ချက်ပြုထားကြသည်။ ရလဒ်အနေဖြင့် တချို့မှလည်း လက်ရှိ အလွတ်သဘော အပစ်အခတ်ရပ်ဆဲထားမှုသည် ယခုနှစ်ကုန် နောက်ထပ် အနည်းဆုံး ခန့်ထိ ကြာရှည်သွားနိုင်သည်ဟုလည်း ဆိုသည်။ ထို့အပြင် ဆိုင်ကလုန်းမိုခါတိုက်ခတ်မှုသည် အုပ်ချုပ်ရေးစွမ်းရည်များအပြင် အာဏာပိုင်နှစ်ခုကြား ယုံကြည်မှုှင့် နယ်မြေထိမ်းချုပ်မှုဆိုင်ရာများ နှင့် ပတ်သက် စမ်းသပ်မှုအဖြေကို ရှင်းလင်းစွာမြင်တွေ့လာရနိုင်သည် ထို့ကြောင့်ဆိုင်ကလုန်းအလွန် ကူညီကယ်ဆယ်ရေး နှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အရေးတယူဆောင်ရွက်ခြင်းအားဖြင့် ၎င်းတို့၏ လုပ်ဆောင်ချက်များ၏ ထိရောက်မှုကို ပြသရန် ကြိုးမ်းနေကြသည်ကို တွေ့ရသည်။

 အဆိုပါ ကိစ္စနှင့် ပတ်သက်လျှင် နစကအာဏာပိုင်များသည် ၎င်းတို့၏ အစိုးရအဖွဲ့ဝင်များ၊ စစ်သားများမှ အစားအစာ၊ အဝတ်အထည် နှင့် တခြား လိုအပ်သော ပစ္စည်းများ ထောက်ပံ့နေသော ဓါတ်ပုံ၊ ဗွီဒီယိုများကို လူမှုမီဒီယာ ပလက်ဖောင်းထက်တွင် ပုံမှန်ထုတ်ဝေလေ့ရှိသည်။ သို့သော် ထိုကဲ့သို့ လုပ်ဆောင်ရာတွင် နစက အနေဖြင့် ကူညီထောက်ပံ့သည့် နေရာ၊ ပမာဏ နှင့် လက်ခံရရှိသူ အရေအတွက်ကို ထုတ်ပြန်လေ့ မရှိပေ။ တချို့သော ဒေသသတင်းများအရ နစက အာဏာပိုင်များသည် အစိုးရဝန်ထမ်းများနှင့် စစ်တပ် မိသားစုဝင်များကိုသာ အကူအညီများ ပေးလေ့ရှိသည်ဟု ဆိုကြသည်။ ၎င်းတို့၏ မိသားစုဝင် ချို့ပင်လျှင် ကူညီထောက်ပံ့မှုများကို သေချာစွာ မရရှိကြသေးဟု ဆိုကြသည်။ စစ်တွေမြို့အနီးရှိ ရိုဟင်ဂျာ ဒုက္ခသည်စခန်းများ နှင့် တခြားသော မြို့နယ်များတွင် ကူညီထောက်ပံ့မူ မှုျားလုပ်နေသည် ဆိုသော်လည်း ထိခိုက်ခံစားနေရသူများ၏ အနည်းကျဥ်းသော ပမာဏသာ ဖြစ်သည်ဟု ဆိုနိုင်သည်။ ချို့ခန့်မှန်းမှုများအရဆိုလျှင် စုစုပေါင်း ထိခိုက်ခံစားနေရသူများ၏ ရာခိုင်နုန်းအောက်တွင်သာ ရှိသည်ဟု ဆိုသည်။

 ထပ်တူ အရေးကြီးသည်မှာ နစက အနေဖြင့် အာဆီယံနိုင်ငံများနှင့် အိမ်နီးချင်းနိုင်ငံများဖြစ်သော အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်စသော နိုင်ငံများမှ အကူအညီများကို ပြန်လည် မျှဝေပေးနေသည့် အထောက်အထားများကိုလည်း မတွေ့ရပေ။ အကူအညီများအား လက်ခံရာတွင် မည်သည့်ကြောင့် ကူညီထောက်ပံ့မှုများသည် အလိုအပ်ဆုံးသော သူများနှင့် အနီးကပ်ဆုံးနေရာများဖြစ်သော ရက္ခိုင်ပြည်တွင်း သင့်တော်သော ဆိပ်ကမ်းများ (သို့) စစ်တွေ ဆိပ်ကမ်းကဲ့သို့ နေရာမျိုးထက် ရန်ကုန်ဆိပ်ကမ်းတွင်သာ လက်ခံရသနည်းဟူသည့် သယ်ယူပို့ဆောင်ရေးဆိုင်ရာ ဗဟိုချုပ်ကိုင်မှု ကိုလည်း ဝေဖန်ကြသည်။ ထိုကဲ့သို့ လုပ်ဆောင်နေခြင်းသည် အဆောက်အဦးပိုင်းဆိုင်ရာ လိုအပ်ချက်ကြောင့် ဖြစ်နိုင်သလို၊ နစက အနေဖြင့် ရက္ခိုင်ပြည်တွင်း ကူညီကယ်ဆယ်ရေးလုပ်ဆောင်ရာတွင် ၎င်းတို့ကသာ တခုတည်း ဆောင်ရွက်မည့် အဖွဲ့အစည်း ဖြစ်သည်ဆိုသည့် အချက်ကို ပြသနိုင်ရန် လုပ်ဆောင်ခြင်းလည်း ဖြစ်နိုင်ပေသည်။ ထိုနည်းတူစွာပင် နစကအာဏာပိုင်များအနေဖြင့် ကူညီရေးလုပ်ဆောင်ချက်များကို အသုံးချ၍ ဘာသာရေး ခေါင်းဆောင်များနှင့် သာမာန်လူထုကို နိုင်ငံရေးလွမ်းမိုးမှု ရရှိနိုင်ရန် ကြိုးမ်းနေသည်ဟု စွပ်စွဲကြသည်လည်း ရှိသည်။

 တဖက်တွင် ULA အာဏာပိုင်များမှလည်း လမ်း နှင့် တံတားကဲ့သို့ အများပြည်သူဆိုင်ရာ အဆောက်အဦးများ နှင့် ပျက်စီးသွားသည့် အိမ်များကို ပြန်လည်ဆောက်လုပ်ပေးခြင်း နှင့် ကူညီကယ်ဆယ်ရေး‌ ထောက်ပံ့မှုျားနှင့် က်စပ်သော ဓါတ်ပုံ၊ ဗွီဒီယိုများကို ထုတ်လွှင့်လေ့ ရှိသည်။ မကြာသေးခင်က ၎င်းတို့၏ လူမှုကွန်ယက်စာမျက်နှာထက် ထုတ်ပြန်ချက်တစ်ခုတွင် ERRC မှ ဇွန် အလယ်ပိုင်းထိ စုစုပေါင်း ထိခိုက်ခံစားနေရသူ . သန်း၏ ၃၀ ရာခိုင်နုန်းခန့်သာ အစားအစာ နှင့် အမိုးအကာများကဲ့သို့ အရေးပေါ်အကူအညီများကို ထောက်ပံ့ပေးနိုင်ခဲ့ပြီး၊ ပြန်လည် တည်ဆောက်ရေးအစီအစဥ်များအတွက် ရေ၊ သန့်ရှင်းရေး အသုံးအဆောင်များ၊ ဆောက်လုပ်ရေး ပစ္စည်းများ၊ ကျန်းမာရေးနှင့် ဆေးဝါး၊ လျှပ်စစ်ပစ္စည်းများ၊ နှင့် ခြား အရေးပေါ် အကူအညီများကို ပိုမို ထောက်ပံ့ပေးကြရန် တောင်းဆိုခဲ့သည်။

 ULA အာဏာပိုင်များသည် သူတို့၏ ကူညီထောက်ပံ့ရေးလုပ်ငန်းများတွင် ရိုဟင်ဂျာအသိုင်းအဝိုင်း များကိုပါ ထည့်သွင်းထောက်ပံ့ပေးခြင်းကို လူမူမီဒီယာများထက်တွင် သေချာစွာ ထုတ်ပြန်ထားသည်။ သို့သော် ရက္ခိုင်ပြည်တွင်း ULA ထိန်းချုပ်နယ်မြေထဲဖြစ်သော ဘူးသီးတောင်၊ ပုဏ္ဏားကျွန်း၊ မြေပုံ၊ မင်းပြား နှင့် အမ်းမြို့နယ်များရှိ ခြားသော လူနည်းစုထဲမှ လူနည်းစုဝင် များဖြစ်ကြသော မြို၊ သက်၊ ခမီ နှင့် ချင်း လူမျိုးများသည် အရေးပေါ်ကူညီကယ်ဆယ်ရေးများကို သေချာစွာ မရရှိကြသေးဟု ဆိုသည်။ ပြန်လည်တုန့်ပြန်မှုအဖြစ် ULA အာဏာပိုင်များမှ ၎င်းတို့အနေဖြင့်တို့အနေဖြင့် လူမျိုးစုအားလုံးကို ကူညီကယ်ဆယ်ရေးလုပ်ဆောင်လျက်ရှိသော်လည်း အကူအညီများသည် လက်ရှိတွင် နေရာတိုင်းသို့ မရောက်ရှိနိုင်သေးဟု ဆိုသည်။ ၎င်းတို့အနေဖြင့် လူမျိုးစုတစ်ခုချင်းစီအတွက် တိကျသော အချက်အလက်များကို နောက်ပိုင်းတွင် ထုတ်ပြန်သွားရန် ရှိသည်ဟုလည်း ဆိုသည်။

ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ရပ်တန့်နေဆဲ

ဆိုင်ကလုန်းမိုခါ၏ သက်ရောက်မှုသည် လမ်းကြောင်းတလျှောက်ရှိ မြို့များ နှင့် ကျေးရွာများကို ဒေသခံများ၏ မျက်စိနှင့် မှတ်မိနိုင်ခြင်းမရှိအောင်ပင် ပျက်စီးသွားစေခဲ့သည်။ အလွန် ထိခိုက်နာကျင်ဖွယ် မြင်ကွင်းများမှာ ပြန်လည် အစားထိုး၍ မရနိုင်သော သမိုင်းကြောင်းဆိုင်ရာ အဓိက နေရာများနှင့် ယဥ်ကျေးမှု အမွေအနှစ်များပါ ဖျက်ဆီးခံလိုက်ရခြင်းဖြစ်သည်။ ယခုအခါ  မိုးရာသီ လည်း ဆိုက်ရောက်လာခဲ့ပြီသည်။ ထိခိုက်ခံစားနေရသော လူထောင်ပေါင်းများစွာသည် အမိုးအကာမဲ့ပြီး၊ မျှော်လင့်ချက်မဲ့သော အခြေအနေတခုတွင် နေထိုင်နေကြရဆဲဖြစ်သည်။

 သို့သော် လက်ရှိအခြေအနေနှင့် ဆန့်ကျင်ကာ ဇွန် ၁၄ ရက်နေ့တွင် နစက၏ ဒုတိယခေါင်းဆောင် ဒုဗိုလ်ချုပ်ကြီး စိုးဝင်းမှ သူ့အနေဖြင့် ဆိုင်ကလုန်အပြီး ကြာ ဘေးအန္တရာယ်သင့် ဒေသများတွင် ပြန်လည်တည်ဆောက်ရေး နှင့် ထူထောင်ရေးလုပ်ဆောင်ချက်များ၏ တိုးတက်မှုှင့် အောင်မြင်မှု များကို မြင်ရခြင်းကို ဝမ်းသာကျေနပ်မိကြောင်း ပြောကြားခဲ့သည်။ ဆိုပါ အမြင်ကို ဒေသခံများမှ ပြင်းထန်စွာ ငြင်းဆိုကြသည်။ ဒေသခံ မီဒီယာများအရဆိုလျှင် နစက မှ လုပ်ဆောင်နေသော ပြန်လည်တည်ဆောက်ရေး နှင့် ထူထောင်ရေးလုပ်ငန်းများမှာ မြို့ပေါ်ဒေသရှိ အစိုးရ အဆောက်အဦးများအတွက်သာ ဖြစ်သည်ဟု ဆိုသည်။ ပျက်စီးနေသော စာသင်ကျောင်းများကို လာမည့် ဇွန်လ ကျောင်းဖွင့်ရာသီများအတွက် ပြန်လည်ပြုပြင်နိုင်ခြင်းမရှိသေးသလို၊ ရက္ခိုင်ပြည်အတွင်း ထိခိုက်ခံစားရသော မြို့နယ်များအတွင်းရှိ အခြေခံအဆောက်အအုံများဖြစ်သော ဆေးရုံ၊ လမ်း နှင့် ဆိပ်ကမ်းများမှာ လျစ်လျူရှုခံရဆဲဖြစ်နေသည်။

 အဆိုပါ အခက်အခဲများအပြင် စစ်တွေမြို့ရှိ ဒေသခံများသည် သူတို့၏ အိမ်များကို လျှစ်စစ်မီးရရှိစေရန် အစိုးရ ဝန်ထမ်းများကို လာဘ်ထိုး ငွေပေးနေကြရသည်ဟု ဆိုသည်။ တဖက်တွင် ULA အာဏာပိုင်များအနေဖြင့်လည်း ယနေ့အချိန်ထိ အခြေခံ အဆောက်အအုံများဖြစ်သော ကျောင်း နှင့် ဆေးခန်းများကို ပြန်လည်ပြုပြင်နိုင်ခြင်းမရှိသေးသလို၊ ၎င်းတို့၏ ထိန်းချုပ်နယ်မြေအတွင်းရှိ နေအိမ်များ၊ ရေတွင်း၊ ရေကန်များ၊ နှင့် ကျေးရွာများရှိ လမ်းနှင့် တံတားငယ်များ ပြန်လည် ပြုပြင်တည်ဆောက်ရေးကိုသာ အာရုံစိုက်ထားပုံရသည်။

 မိုးရာသီကျရောက်လာသည်နှင့် အခြေအနေများကို ပို၍ ဆိုးရွားလာနိုင်ပေသည်။ ဆိုင်ကလုန်းသက်ရောက်မှသည် နေရာအနှံအပြားတွင် မြို့နှင့် ရွာများကို ပျက်စီးစေခဲ့သဖြင့် ပြည်နယ်မြို့တော်ဖြစ်သော စစ်တွေမြို့တွင်ပင် မိုးရာသီ မကျရောက်မီ နေအိမ်များကို ပြုပြင်တည်ဆောက်ရေး မလုပ်ဆောင်နိုင်သော မိသားစုများစွာ ရှိနေပေသည်။ အကျိုးဆက်အဖြစ် ဘုန်းတော်ကြီး ကျောင်းဝင်းများထဲတွင်သာ ခိုလုံနေကြသည်။ အဆိုပါ အခြေအနေများသည် နစက၏ ခရီးသွားလာခွင့်ပိတ်ဆို့မှုှင့် သယ်ယူပို့ဆောင်ရေး လမ်းကြောင်း အခက်အခဲများအောက်တွင် ရှိနေသော ဝေလံခေါင်ဖျားရှိ ကျေးလက်နေ ပြည်သူများအတွက် ပိုမို ခက်ခဲလှပေသည်။ မိုးရာသီကျရောက်လာသည်နှင့် စပါးမျိုးစေ့နှင့် ခြားသော လယ်ယာစိုက်ပျိုးရေးပစ္စည်းများ ရရှိနိုင်ရန်အတွက် လယ်သမားများမှာ များစွာရုံးကန်နေကြရပေသည်။ ထို့အပြင် ကမ်းရိုးတန်း ဒေသတလွှား ငါးဖမ်းလုပ်ငန်းလုပ်ကိုင်နေကြသူများမှာ မုန်တိုင်းကြောင့် ၎င်းတို့၏ ပိုက်ကွန်များနှင့် ငါးဖမ်းလှေများ ပျက်စီးဆုံးရှုံးမှုကြောင့် ရပ်တည်ရှင်သန်ရေးအတွက် ရုန်းကန်နေကြရပြီး၊ နေအိမ်များကို ပြန်လည်ဆောက်လုပ်ရန် အခက်အခဲများစွာလည်း ရှိနေပေသည်။

 ထိုကဲ့သို့ ပင်ပန်းနွမ်းချာဖြစ်စေသော အခြေအနေများ၏ အကျိုးဆက်များမှာ ဒေသခံလူထုအတွက် လူမှုစီးပွါး နှင့် စိတ်ပိုင်းဆိုင်ရာ ထိခိုက်ခံစားရမှုများလည်း ပါဝင်နေသည်။ ထိုကဲ့သို့ အခြေအနေများကြောင့် ၂၀၂၁ စစ်အာဏာသိမ်းပြီးကတည်းက စတင်ဖြစ်ပေါ်လာနေသော နေရပ်စွန့်ခွာရွှေ့ပြောင်းမှုမှာ မုန်တိုင်းကြောင့် ထိခိုက်ခံစားရသော ဒေသများတွင် ပေါက်ကွဲထွက်လာနိုင်သော နှုန်းထားတခုကို ဦးတည်နေပေသည်။ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ဘူးသီးတောင်၊ ကျောက်တော်၊ ပေါက်တော စသော မြို့နယ်များမှ မိသားစုများနှင့် လူငယ်များသည် နိုင်ငံခြားဒေသများ (သို့) အိမ်နီးနားချင်း နိုင်ငံများဖြစ်သော တရုတ်၊ ထိုင်း နှင့် မလေးရှားနိုင်ငံများသို့ ထွက်ခွာရန် အတွက် အိမ်နှင့် ခြား ပိုင်ဆိုင်သော ပစ္စည်းများကို ရောင်းချနေကြသည်ဟု ဆိုသည်။ ဆက်စပ်၍ အထူးသဖြင့် အမျိုးသမီးများ နှင့် အရွယ်မရောက်သေးသူများအား ဒေသတွင်း တရားမဝင်စီးပွါးရေးလုပ်ငန်းများအတွက် လူကုန်ကူးခြင်း တိုးပွါးလာနိုင်ခြေကိုလည်း လေ့လာသုံးသပ်သူများမှ သတိပေးနေကြသည်။ လက်နက်ကိုင် ပဋိပက္ခကြောင့် ထိခိုက်ခံစားနေရသော ရက္ခိုင်ပြည် မြောက်ဖက်ဒေသများသည် လက်ရှိအချိန်တွင် လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းတခုနှင့် သိသာစွာ ရင်ဆိုင်နေရပေသည်။

ဘာတွေ လုပ်ဖို့ လိုအပ်နေသလဲ

မိုခါဆိုင်ကလုန်းတိုက်ခတ်ပြီး ခန့်အကြာ ယနေ့အချိန် အကျိုးဆက်များမှာ ဆက်လက်ဖြစ်ပေါ် နေဆဲဖြစ်သည်။ လတ်တလောကာလတွင် အာဏာပိုင်နှစ်ခုဖြစ်သော နစက နှင့် ULA တို့သည် ကြီးစွာသော လူသားချင်းစာနာမှုဆိုင်ရာ နှင့် ပြန်လည်ထူထောင်ရေး လိုအပ်ချက်များကြား ဒေသခံလူထုအနေဖြင့် ကျရောက်နေစဥ်တွင် နောက်ထပ် တိုက်ပွဲတခု ထပ်မဖြစ်ပွါးရန် အခြေခံနားလည်ချက် စ်ခု ရှိဟန်တူသည်။ နစကအာဏာပိုင်များမှ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများကို ပိတ်ဆို့မှုကြောင့် ဖြစ်ပေါ်လာသော တင်းမာမှု နှင် မကျေနပ်မှများကို အင်အားသုံးသော နည်းလမ်းဖြင့် ဖြေရှင်းကြရန် ULA/AA ခေါင်းဆောင် ဗိုလ်ချုပ် ထွန်းမြတ်နိုင်မှ သူ ၎င်း လူမှုစာမျက်နှာထက်တွင် ဖော်ပြခဲ့သည်။ တချိန်တည်းမှာပင် အစိုးရမဟုတ်သော အဖွဲ့အစည်းများနှင့်၊ ဒေသခံအဖွဲ့အစည်းများမှတဆင့် ထောက်ပံ့ရေး အကူအညီပေးမှုများကို ပိတ်ဆို့ထားမှု (သို့) ကြန့်ကြာအောင် လုပ်ထားမှုကြောင့် နစက အာဏာပိုင်များမှာ များစွာ ဝေဖန်ခံနေရသည်။ အဆိုပါ ကိစ္စကြောင့်ပင် နစက အနေဖြင့် မုန်တိုင်းပြန်လည်ထူထောင်ရေးကို အကြောင်းပြပြီး၊ လာမည့် လပိုင်းများအတွင်း ULA/AA နှင့် စစ်ရေးတိုက်ခိုက်မှု ြစ်နိုင်ခြေကို ထိန်းချုပ် လျှော့ချပြီး ၎င်းတို့၏ တည်ရှိမှုကို ထင်ပေါ်စေရန်အရေးပါမှုကို မြင့်တင်နိုင်ရန် လူသားချင်းစာနာမှုဆိုင်ရာ အရေးပေါ်အခြေအနေများကို ကြာရှည်အောင်လုပ်ထားခြင်းအားဖြင့် စစ်ရေးနှင့် နိုင်ငံရေးအကျိုးစီးပွါးရှိနိုင်သည်ဟု စွပ်စွဲခံနေရသည်။

 ထို့ကြောင့် ပဋိပက္ခအခြေအနေများသည်ပင် ယခု လူသားချင်းစာနာမှုဆိုင်ရာ ကိစ္စများတွင် ပါဝင်ပတ်သတ်နေသော အကြောင်းအရာများလည်း ဖြစ်သည်။ တဖက်တွင် ရက္ခိုင်ပြည်သည် လက်ရှိ ချင်းပြည်နယ်ရှိ ပလက်ဝမြို့နယ်၊ သုံးခွဆုံနယ်မြေမှ တဆင့် အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ် အိမ်နီးချင်းနိုင်ငံများနှင့် ဆက်စပ်နေသော နယ်မြေဒေသဖြစ်သည်။ အဆိုပါ နယ်စပ်ဒေသအများစု သည်လည်း လက်ရှိအချိန်တွင် ULA/AA ထိန်းချုပ်မှုအောက်တွင် တည်ရှိနေပြီး၊ လမ်းပန်း ဆက်သွယ်ရေးမှာလည်း အထိုက်အလျှောက် တိုးတက်လျက်ရှိသည်။ မေလ ၂၀၀၈ ခုနှစ်၊ အောက်မြန်မာနိုင်ငံ ဧရာဝတီတိုင်းတွင် တိုက်ခတ်ခဲ့သော ဆိုင်ကလုန်း နာဂစ်နှင့် မတူပဲ နစကအာဏာပိုင်များသည် အထူးသဖြင့် ULA အုပ်ချုပ်မူအောက်တွင်ရှိသော မုန်တိုင်း သက်ရောက်သော နယ်မြေအများစုကို လက်လှမ်း မမီနိုင်ပေ။

 အဆိုပါ အခြေအနေကြောင့်ပင် နိုင်ငံအတွင်း နေစဥ်နှင့်အမျှ အရပ်သားပြည်သူများ၏ အသက်နှင့် ပစ္စည်းဥစ္စာများကို စစ်ပွဲများဆင်နွှဲပြီး၊ ထိခိုက်ပျက်စီးစေသော နစကအာဏာပိုင်များ၏ တဖက်သတ် ဆုံးဖြတ်ချက်ကို မှီတည်နေခြင်းထက် ULA အာဏာပိုင်များနှင့် လူသားချင်းစာနာမှု ဆိုင်ရာ အကူအညီပေးရေး ညှိ့နိုင်းဆောင်ရွက်ခြင်းကို အဓိကနည်းလမ်းတစ်ခုအနေဖြင့် စဥ်စားသင့်ပေသည်။ ထိုကဲ့သို့ လုပ်ဆောင်ရာတွင် ULA/AA ကို အစိုးရမဟုတ်သော လက်နက်ကိုင်အဖွဲ့အစည်း (armed non-state actor/ANSA or non-state armed group/NSAG) အဖြစ် ယူဆသင့်ပေသည်။ ပဋိပက္ခသက်ရောက်သော ဒေသများတွင် ထိုကဲ့သို့ လုပ်ဆောင်ခြင်းသည်လည်း နိုင်ငံတကာဥပဒေရှုထောင့်မှ တရားဝင်သကဲ့သို့၊ တရားနည်းလမ်းကျသော ကိစ္စလည်း ဖြစ်ပေသည်။ မှတ်တမ်းများအရဆိုလျှင် ICRC ကဲ့သို့ လူသားချင်းစာနာမူဆိုင်ရာ အကူအညီပေးရေးအဖွဲ့များသည် ANSA များနှင့် ထိရောက်သော လူသားချင်းစာနာမူဆိုင်ရာ ထောက်ပံ့မှုျား ပြုလုပ်ရန် အကြိမ်ပေါင်း တစ်ရာကျော်ခန့် လုပ်ဆောင်ခဲ့သည်ဟုဆိုပြီး၊ ထိုကဲ့သို့ ပူးတွဲလုပ်ဆောင်ခြင်းသည် လူသားချင်းစာနာမူ မှဆိုင်ရာ ရည်ရွယ်ချက်မှအပ လက်နက်ကိုင်အဖွဲ့အစည်းအားအသိအမှတ်ပြုခြင်း’ (recognition) (သို့) ‘တရားနည်းလမ်းကျစေခြင်း’ (legitimitization) မဖြစ်သင့်ဟုလည်း ဆိုသည်။ မြန်မာနိုင်ငံအခင်းအကျင်းအရဆိုလျှင်လည်း ၂၀၂၁ စစ်တပ်မှ အာဏာမသိမ်းခင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဦးဆောင်အစိုးရလက်ထက်အတွင်း ခန့်အပ်ခဲ့သော သံအမတ်အား ကုလသမဂ္ဂ အထွေထွေညီလာခံ (UN General Assembly) မှ အသိအမှတ်ပြု ထားဆဲလည်း ဖြစ်သည်။

 လက်ရှိ မြန်မာနိုင်ငံသည် နက်ရှိုင်းသော အကျပ်အတည်းတွင် ကျရောက်နေသော နယ်မြေဒေသဖြစ်ပြီး၊ မိုခါဆိုင်ကလုန်းတိုက်ခတ်မှုသည် နိုင်ငံတွင်း ဒေသတခုတွင် ထိခိုက်ခံစားရမှုများကို ပိုမိုပြင်းထန် စေခဲ့သည်။ ပဋိပက္ခနှင့် ကသောင်းကနင်းအခြေအနေများမှာဆက်လက်ဖြစ်ပေါ်နေပြီး၊ မြန်မာနိုင်ငံသည်တစုတစည်း’ (unitary) ဖြစ်နေသော နိုင်ငံ မဟုတ်ပေ။ နောက် နိုင်ငံအတွင်းရှိ ဒေသအသီးသီးတွင် ပို၍ လုပ်နိုင်စွမ်းရှိပြီး၊ လူထုလက်ခံသော နိုင်ငံရေး ဗဟိုချက်များ ထွက်ပေါ်လျက်ရှိသည်။ ရက္ခိုင်ပြည်တွင်းရှိ ULA/AA မှာ အဆိုပါ အုပ်စုများအနက် စ်ခုဖြစ်သည်။ ထို့ကြောင့် အရေးပေါ်အခြေအနေများ၌ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများအား လာမည့် လပိုင်းများအတွင်း လက်တွေ့ကျမှုရှိသည့် မူကိုသာ အခြေခံသင့်သည်။ နိုင်ငံတွင်းရှိ ထိခိုက်ခံစားနေရသူများထံ အကူအညီများ အချိန်မီထိရောက်စွာ ရောက်ရှိနိုင်ရန် မြေပြင်ရှိ အရပ်ဘက်အဖွဲ့အစည်းများနှင့် ULA/AA ကဲ့သို့ ဒေသခံအာဏာပိုင်များနှင့် တီထွင်ကြံဆသော နည်းလမ်းများဖြင့် ပူးပေါင်းဆောင်ရွက်ရန် အရေးလှပါသည်။ မြန်မာပြည်သူလူထု အနေဖြင့် ရေရှည်တည်တံ့သော ငြိမ်းချမ်းရေး၊ ဒီမိုကရေစီနှင့် တည်ငြိမ်အေးချမ်းရေးဆီသို့ အရောက်လှမ်းနိုင်ရန် ဘုံကျသော လမ်းကြောင်းကို ရှာမတွေ့နိုင်သေးသ၍ လူသားခြင်းစာနာထောက်ထားမှု အကူအညီပေးခြင်းကဏ္ဍ ယခုကဲ့သို့ စိန်ခေါ်မှုများကို ဆက်လက်၍ စဉ်းစားအဖြေရှာနေရမည်သာဖြစ်ပါသည်။

Ideas into movement

Boost TNI's work

50 years. Hundreds of social struggles. Countless ideas turned into movement. 

Support us as we celebrate our 50th anniversary in 2024.

Make a donation