ပြန်လည်ထိန်းချုပ်စီမံပိုင်ခွင့် - မြန်မာနိုင်ငံရှိ ပြည်တွင်းနေရပ်စွန့်ခွာ စစ်ဘေးတိမ်းရှောင်သူများနှင့် စစ်ဘေးဒုက္ခသည်များ၏ သဘောဆန္ဒအလျောက် နေရပ်ပြန်ခြင်း၊ ပြန်လည်အပ်နှံပေးခြင်းနှင့် မြေယာဆိုင်ရာရပိုင်ခွင့် အခွင့်အရေးများ

Fecha de publicación:

Sobre ပြန်လည်ထိန်းချုပ်စီမံပိုင်ခွင့် - မြန်မာနိုင်ငံရှိ ပြည်တွင်းနေရပ်စွန့်ခွာ စစ်ဘေးတိမ်းရှောင်သူများနှင့် စစ်ဘေးဒုက္ခသည်များ၏ သဘောဆန္ဒအလျောက် နေရပ်ပြန်ခြင်း၊ ပြန်လည်အပ်နှံပေးခြင်းနှင့် မြေယာဆိုင်ရာရပိုင်ခွင့် အခွင့်အရေးများ

Tipo de publicación
Policy briefing
Part of series
Myanmar Policy Briefing Series , 20

ဆင်းရဲသားပြည်သူများ၏ အကျိုးကို ရှေးရှုသည့် မြေယာမူဝါဒဆီသို့ လျှောက်လှမ်းရာ၌ အဓိကကျသည့် အရေးကိစ္စများ

 

  • ဆယ်စုနှစ်ပေါင်း ခြောက်ခုကျော် ရှည်ကြာလာခဲ့သည့် ပြည်တွင်းစစ်နှင့် တိုင်းရင်းသားပဋိပက္ခကြောင ယနေ့မြန်မာနိုင်ငံအတွင်း နေရပ်စွန့်ခွာစစ်ဘေးတိမ်းရှောင်လျက်ရှိသည့် လူဦးရေပေါင်း ၁.၁ သန်း ကျော်ရှိရာ၌ တိုက်ပွဲဖြစ်ပွားမှုအများဆုံးဖြစ်သည့် တိုင်းရင်းသားနယ်မြေဒေသများရှိအိုးအိမ်များနှင့် လယ်ယာများကို စွန့်ခွာ ထွက်ပြေးမှုအများဆုံးဖြစ်သည်။ နှစ်ကာလရှည်ကြာလာသည်နှင့်အမျှ ပြည်တွင်းစစ်မီးသည် နေရာဒေသအန အပြားသို့ လူးလားခေါက်ပြန် ကူးစက်ပျံ့နှံ့သွားခဲ့သည်။ ရလဒ်အနေဖြင့် ပြည်တွင်းနေရပ်စွန့်ခွာစစ်ဘေးတိမ်း ရှောင်မှုနှင့် စစ်ဘေးဒုက္ခသည် အကျပ်အတည်းဖြစ်ပေါ်လာခဲ့ပြီး ရင်ဆိုင်တုန့်ပြန်သည့် အရေးယူဆောင်ရွက ချက်များသည်လည်း နယ်မြေဒေသအလိုက် ပုံစံအမျိုးမျိုးကွဲပြားလျက်ရှိသည်။ ပြည်တွင်းနေရပ်စွန့်ခွာ စစ်ဘေး တိမ်းရှောင်သူများ (IDPs) ၏ လိုအပ်ချက်များကို ဖြည့်ဆည်းထောက်ပံ့ရာ၌ နယ်ခံအဖွဲ့အစည်းများက အဓိက ကျသည့်မဏ္ဍိုင်တစ်ရပ်အဖြစ် ပါဝင်လျက်ရှိသည်။

 

  • မြေ၊ မြစ်ချောင်းအင်းအိုင်နှင့် သစ်တောများကဲ့သို့သော ဆက်စပ်သယံဇာတအရင်းအမြစ်များသည် လူထ လူတန်းစားများအတွက် စားနပ်ရိက္ခာနှင့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများကို ထောက်ပံ့ပေးလျက်ရှိသည်။ မြေနှင့် လူထုလူတန်းစားများ၏ ပတ်သက်ဆက်နွယ်မှုသည် ဘက်စုံထောင့်စုံမှချိတ်ဆက်လျက်ရှိပြီး ကိုးကွယ ယံြု ကည်မ ၊ှု ယဉ်ကျေးမှု၊ လူမ ဆ က်ဆေ ရးနှင့် လူမေ ရးတန်ဖိးု များ ပေါင်းစပ်ပါဝင်နေသည်။ ထိ အု ပြင်မြေယာသည ကိုယ်ပိုင်အုပ်ချုပ်ခွင့်နှင့် ကိုယ့်ကြမ္မာကိုယ်ဖန်တီးပိုင်ခွင့်ဆိုင်ရာ သဘောတရားများနှင့်လည်း ချိတ်ဆက်နေသဖြင မြေယာကို ထိန်းချုပ်စီမံပိုင်ခွင့်သည် နိုင်ငံရေးအရ အလွန်အရေးပါသည့် ကိစ္စရပ်တစ်ခု ဖြစ်သည်။

 

  • မြေတစ်ကွက်တစ်ကွက်၏ အရေးပါမှုကို အလွယ်တကူအစားထိုး၍ သို့မဟုတ် အလဲအထပ်လုပ်၍ မရနိုင်ပေ။ မိမိ၏ နေရင်းရပ်ရွာသို့ ပြန်လည်အခြေချနေထိုင်နိုင်ခြင်းသည် လူတစ်ဦး၏ ဂုဏ်သိက္ခာကိုပြည့်ဝစေသည့် လူမ ဆက်ဆံရေးပုံစံအမျိုးမျိုးကို ပြန်လည်တည်ဆောက်ရန် နက်နက်ရှိုင်းရှိုင်းလိုလားသည့် တောင့်တချက်တစ်ခုဖြစ သည်။

 

  • အကြိမ်ကြိမ်အလီလီ နေရပ်စွန့်ခွာတိမ်းရှောင်ရခြင်းကြောင့် ဆင်းရဲသားများ၊ အပယ်ခံထားရသူများနှင့်ထိခိုက ရန်လွယ်ကူသူများသာမက လူအုပ်စုများအကြား၌ပင် မြေတစ်ကွက်တည်းအပေါ် အပြိုင်အဆိုင်တောင်းဆိုမ များရှိလာနိုင်ပါသည်။ အောက်ခြေဆင်းရဲသားများအကြား တစ်ဦးနှင့်တစ်ဦး အနိုင်ရရန် ချဉ်းကပ်ဆောင်ရွက်မ များသည် အဆိုပါမြေနေရာများကို စီးပွားရေးအကျိုးအမြတ် သို့မဟုတ် စစ်ရေးရည်ရွယ်ချက်များအတွက အလိုရှိနေသည့် သြဇာအာဏာကြီးမားသူများ၏ အကျိုးစီးပွားအတွက် ရေလာမြောင်းပေးသကဲ့သို့ ဖြစ်သွားစေ နိုင်သည်။

 

  • ရပိုင်ခွင့်အခွင့်အရေးများကို ပြန်လည်အပ်နှံရာ၌ အသိအမှတ်ပြုခြင်းနှင့် မြေယာပြန်လည်ခွဲဝေပေးခြင်းတ ပါဝင်ရန် မဖြစ်မနေလိုအပ်သည်။ နိုင်ငံရေးမဟာဗျူဟာများသည် ‘ဆင်းရဲသားအချင်းချင်း’ ဆွေးနွေးတိုင်ပင်၍ အများဆုံးထိခိုက်နစ်နာခဲ့ရသူများအား ဂုဏ်သိက္ခာရှိရှိ အတူတကွယှဉ်တွဲနေထိုင်နိုင်စေမည့် ဖြေရှင်းရေး နည်းလမ်းများကို အားလုံး၏ပူးပေါင်းပါဝင်မှုဖြင့် အဖက်ဖက်မှ စဉ်းစားတွက်ချက်၍ ဆွေးနွေးအဖြေရှာရန အောက်ခြေလူထုလူတန်းစားများ လိုအပ်သည့်အချိန်နှင့် နိုင်ငံရေးအခင်းအကျင်းမျိုးကို စနစ်တကျ ပြင်ဆင်ပေး ရန်လိုအပ်သည်။

 

  • ဖြေရှင်းရေးနည်းလမ်းများ၌ အလွန်အရေးပါသည့် အချို့သောအင်္ဂါရပ်များ မဖြစ်မနေပါဝင်မှုရှိရန် လိုအပ်သည်။ ယင်းတို့၌ လူတစ်ဦးချင်းစီ အသက်မွေးဝမ်းကျောင်းပြုရန် လုံလောက်သည့် အနိမ့်ဆုံး ‘ကြမ်းခင်းပမာဏ’ သာမက အသုံးပြုသူ သို့မဟုတ် ပိုင်ရှင်တစ်ဦးအတွက် အများဆုံးခွင့်ပြုပေးနိုင်သည့် ‘အမြင့်ဆုံးပမာဏ’ ကိုပါ သတ်မှတ်၍ လူတစ်ဦးချင်းစီ နေထိုင်လုပ်ကိုင်စားသောက်နိုင်သည့် မြေယာပမာဏကို အာမခံပေးခြင်းတို့ပါဝင်သည်။ ကျေးရွာအတွင်း တိုးပွားလာမည့် နောင်အနာဂတ်မိသားစုသစ်များအတွက် အရန်မြေများသတ်မှတ်ထားရှိခြင်း နှင့်ကျေးရွာ သို့မဟုတ် ကျေးရွာပိုင်မြေများကို ပြင်ပသို့ ရောင်းချမှုကို ကန့်သတ်ပိတ်ပင်မှုများအပါအ၀င မြေယာထိန်းချုပ်စီမံမှုနှင့် ပတ်သက်သည့် ရပ်ရွာဓလေ့ထုံးတမ်းအလေ့အထများကို အသိအမှတ်ပြု၍ အားပေး အားမြှောက်ပြုရန် အလွန်အရေးကြီးသည်။

 

  • မူဝါဒများသည် တစ်ပိုင်တစ်နိုင်စိုက်ပျိုးရေးလုပ်ငန်းကို အားပေးအားမြှောက်ပြုသင့်ပြီး မြေယာပြန်လည်ခွဲဝေ ပေးခြင်းနှင့် အသိအမှတ်ပြု၍ ပြန်လည်အပ်နှံပေးသည့် မူဝါဒများသည် သက်ဆိုင်ရာမြေပေါ်လုပ်ကိုင်စား သောက်လျက်ရှိသည့် ဆင်းရဲသားများကို အကျိုးပြုရန်လိုအပ်သည်။ ချဉ်းကပ်ဆောင်ရွက်သည့်နည်းလမ်း များသည် တိုင်းရင်းသားအရေးကို အထူးတလည်အလေးထားရန် လိုအပ်ပြီး မြေယာထိန်းချုပ်စီမံမှုနှင စပ်လျဉ်း၍ မတူကွဲပြားသည့် တိုင်းရင်းသားမျိုးနွယ်စုအသီးသီး၏ သက်ဆိုင်ရာအခွင့်အရေးများက အသိအမှတ်ပြု အကာအကွယ်ပေး၍ တိုင်းရင်းသားမျိုးနွယ်စုများအကြား ဖြစ်ပေါ်လာသည့် တင်းမာမှုများက လူမှုရေးတရားမျှတမှုရှုထောင့်မှ ကိုင်တွယ်ဖြေရှင်းပေးနိုင်ရမည်။ ထို့အပြင် အမျိုးသမီး-အမျိုးသားရေးရာနှင ဂေဟဗေဒစနစ်အရ ရေရှည်တည်တံ့ခိုင်မြဲမှုကိုပါ အလေးထားစဉ်းစားရန်လိုအပ်သည်။

စိတ်ကူးမှသည် လက်တွေ့ဆီသို့

Ideas en movimiento

Impulsa nuestra labor

Si deseas apoyar nuestro trabajo, considera realizar una donación. Nos comprometemos a que nuestra valiosa investigación esté accesible sin costo, pero para eso necesitamos de tu ayuda. Si todas las personas que leen nuestro contenido realizan una donación de tan solo €12 podremos apoyar nuestro trabajo durante tres años.

Done Ahora