မြန်မာငလျင် အကျပ်အတည်းများကြားမှ နိုင်ငံအတွက် "ဆိုးကျိုးမဖြစ်ရေး" (Do No Harm) အကူအညီနှင့် လှုပ်ရှားဆောင်ရွက်ရန် တောင်းဆိုခြင်း

Regions

မတ်လ ၂၈ ရက်နေ့က ဖြစ်ပွားခဲ့သော အင်အားကြီးငလျင်ကြောင့် မြန်မာပြည်သူများအတွက် ဘေးအန္တရာယ်တစ်ခုပြီးတစ်ခု ဆက်တိုက်ဖြစ်ပေါ်နေကြောင်း င်ရှားစွာ တွေ့မြင်ခဲ့ရပါသည်။ ဤဆောင်းပါးတွင် Lahkyen Roi မှ စစ်အာဏာရှင်စနစ်၊ ပဋိပက္ခများ၊ ဖိနှိပ်မှုများ၊ ခွဲခြားဆက်ဆံမှုများ၊ ဆင်းရဲမွဲတေမှုနှင့် ရာသီဥတုပြောင်းလဲမှုများအပါအဝင် တိုင်းပြည်အနှံ့အပြားရှိ လူများရင်ဆိုင် နေရသော စိန်ခေါ်မှုအမျိုးမျိုးကြောင့် သဘာဝဘေးအန္တရာယ်များ၏ သက်ရောက်မှုကို မည်သို့ပိုမို ဆိုးရွားစေကြောင်း ဖော်ပြထားပါသည်။ သို့သော်လည်း နိုင်ငံတကာအသိုင်းအဝိုင်းသည် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အရေးပေါ်အခြေအနေများ ဖြစ်ပေါ်လာမှသာ အာရုံစိုက် ကြပါသည်။ သင်ခန်းစာများ သင်ယူရန် လိုအပ်ပြီး၊ လိုအပ်နေသော ပြည်သူများကို ကူညီရန်အတွက် နိုင်ငံတကာမှ ပါဝင်သူများသည် လူသားဆန်မှု၊ ဘက်မလိုက်မှုနှင့် လွတ်လပ်မှုတို့၏ အခြေခံမူများကို လိုက်နာခြင်းဖြင့် မည်သို့ပူးပေါင်းဆောင်ရွက်သင့်ကြောင်း Lahkyen Roi မှ အကြံပြုထားပါသည်။

Authors

Longread by

Lahkyen Roi
Destroyed buildings, Mandalay, in 28 March earthquake

Photo credit Private source

မတ်လ ၂၈ ရက် ငလျင်ကြောင့် ပျက်စီးသွားသော မန္တလေးမြို့ရှိ အဆောက်အဦးများ။

၂၀၂၅ ခုနှစ်၊ မတ်လ ၂၈ ရက်နေ့တွင် အင်အား . မဂ္ဂနီကျုရှိ အင်အားပြင်းငလျင်သည် စစ်ကိုင်းတိုင်း ဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးအနီးကို ဗဟိုပြု၍ မြန်မာနိုင်ငံကို လှုပ်ခတ်ခဲ့သည်။ ဧပြီလ ရက် နေ့အထိ သတင်းရရှိချက်အရ လူပေါင်း ,၀၀၀ ကျော် သေဆုံးခဲ့ပြီး ရှာဖွေရေး လုပ်ငန်းများ ဆက်လက် လုပ်ဆောင်နေသောကြောင့် သေဆုံးသူအရေအတွက် ဆက်လက်မြင့်တက် လာနိုင်သည်ဟု န့်မှန်း ရသည်။ သဘာဝဘေးအန္တရာယ်များသည် နိုင်ငံ၊ လူမျိုး၊ အသားအရောင် သို့မဟုတ် နိုင်ငံရေး အခြေအနေအပေါ်တွင် ခွဲခြားဆက်ဆံမှုမရှိသည်ကို အထင်အရှားတွေ့မြင်ရ သော်လည်း၊ ယခုမြန်မာ နိုင်ငံတွင် ဖြစ်ပွားခဲ့သော ငလျင်၏ သက်ရောက်မှုမှာ ယခင်နှင့် ဆက်လက်ဖြစ်ပွားနေသော အကျပ် အတည်းများဖြစ်သည့် ကိုဗစ်-၁၉ ကူးစက်ရောဂါ၊ ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းမှုနှင့် လက်နက်ကိုင် ပဋိပက္ခများကြောင့် အလွန်အမင်း အားနည်းနေသော ဒေသများတွင် ဖြစ်ပွားခဲ့သောကြောင့် အထူးပင် ဆိုးရွားလှသည်။

လိုအပ်ချက်များစွာရှိသော နိုင်ငံတစ်နိုင်ငံ၏ ပြည်သူများ ရင်ဆိုင်နေရသော စိန်ခေါ်မှုများသည် ဤနေရာတွင်တင် မပြီးဆုံးသေးပါ။ မြန်မာနိုင်ငံသည် ရာသီဥတုပြောင်းလဲမှုဒဏ် အခံရဆုံး နိုင်ငံများ ထဲတွင် ပါဝင်ပြီး သဘာဝဘေးအန္တရာယ်များကြောင့် ထိခိုက်လွယ်မှုအများဆုံး နိုင်ငံတစ်နိုင်ငံလည်း ဖြစ်သည်။ ထို့ကြောင့် မကြာခဏဆိုသလို ပျက်စီးဆုံးရှုံးမှုများ ကြုံတွေ့နေရခြင်းက ယခုအခြေအနေကို ပိုမိုပေါ်လွင်စေသည်။ ၂၀၂၄ ခုနှစ်တွင် က်ရှိငလျင်ဒဏ်ကို ဆိုးဆိုးရွားရွား ခံခဲ့ရသော အထက် မြန်မာပြည်ရှိ ဒေသများနှင့် ရှမ်းပြည်နယ်တောင်ပိုင်းဒေသများသည် တိုင်ဖွန်း ယာဂီမုန်တိုင်းကြောင့် ဖြစ်ပွားခဲ့သော ကြီးမားသော မြေပြိုမှုများနှင့် ရေကြီးရေလျှံမှုများကြောင့် အလူးအလဲ ခံခဲ့ရပြီး ဖြစ်သည်။ ယင်းမတိုင်မီနှစ်တွင် မြန်မာနိုင်ငံအနောက်ပိုင်းရှိ ရခိုင်ပြည်နယ်တွင် မိုခါမုန်တိုင်းကြောင့် ကြီးမားသော ပျက်စီးဆုံးရှုံးမှုများ တွေ့ကြုံခဲ့ရသည်။ ငလျင်လှုပ်ခတ်ချိန်တွင် ယခင်သဘာဝဘေး အန္တရာယ်များမှ ရပ်ရွာလူထုဦးဆောင်သော ပြန်လည် ထူထောင်ရေးလုပ်ငန်းများ လုပ်ဆောင်ဆဲဖြစ်ရာ ယခုငလျင်က ရှိရင်းစွဲဒုက္ခများကို ပိုမိုတိုးပွားစေခဲ့ သည်။

လူလုပ်အမှားများကိုလည်း ထည့်သွင်းစဉ်းစားရမည်ဖြစ်သည်။ သဘာဝဘေးအန္တရာယ်များကြောင့် ဖြစ်ပွားခဲ့သော ပျက်စီးဆုံးရှုံးမှုများအပြင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဟု ၎င်းတို့ဘာသာ ခေါ်ဝေါ်သော စစ်အုပ်စု၏ ရက်စက်ကြမ်းကြုတ်သော အကြမ်းဖက်မှုများကိုလည်း အထူးထည့်သွင်း စဉ်းစားရမည်ဖြစ်သည်။ ငလျင်လှုပ်ခတ်နေစဉ်နှင့် နောက်ပိုင်းရက်များတွင်ပင် ကချင်၊ ကရင်နီ (ကယား) ရှမ်းပြည်နယ်၊ စစ်ကိုင်း၊ မကွေးနှင့် ပဲခူးတိုင်းဒေသကြီးများတွင် လေကြောင်းဗုံးကြဲ တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့သည်ဟု သတင်းရရှိသည်။ ထို့ကြောင့် ပြည်သူများသည် ကြောက်မက်ဖွယ် အခြေအနေများတွင် ပိတ်မိနေပြီး မြေပြင်တွင်လည်းကောင်း၊ ဝေဟင်တွင်လည်းကောင်း မည်သည့် နေရာမှ လုံခြုံမှုမရှိပေ။ ဘေးအန္တရာယ်တစ်ခုပြီးတစ်ခု ဖြစ်ပွားခဲ့ပြီးနောက် မြန်မာစစ်တပ်၏ ဦးစားပေးမှာ အာဏာတည်မြဲရေးသာ ဖြစ်ကြောင်း အသေအချာ သက်သေထူလျက်ရှိသည်။ ဒရုန်းနှင့် လေယာဉ်ကဲ့သို့သော ခေတ်မီစစ်သုံးပစ္စည်းများကို အရပ်သားပြည်သူများ၏ အသက်ကို ကယ်တင်ရန် မဟုတ်ဘဲ သတ်ဖြတ်ရန်အတွက် အသုံးပြုနေသည်ကို နေ့စဉ် မြင်တွေ့နေရပါသည်။

အကျပ်အတည်းကာလများတွင် မြန်မာပြည်သူများ ခံစားနေရသည်ကို ထင်ဟပ်စေသော ကဗျာတို တစ်ခုကို လူမှုကွန်ရက်ပေါ်တွင် မကြာခဏ တင်လေ့ရှိသည်။ ယင်းမှာ ဆရာအောင်သင်း၏သေသူမှာ အသက်ရှူရပ်၍၊ ရှင်သူမှာ အသက်ရှူကြပ်လျက်” ဟူသည့် အဓိပ္ပါယ်လေးနက်လှသည့် စာသားများဖြစ်သည်။ ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက်ပိုင်းနှစ်များသည် မြို့ပြနှင့် ကျေးလက်ဒေသရှိ မြန်မာပြည်သူများ ခံစားခဲ့ရသော ရုန်းကန်မှုများအတွက် မှတ်သားလောက်ဖွယ်ဖြစ်သည်။ လောင်စာဆီ ပြတ်လပ်မှု၊ ဘဏ်လုပ်ငန်းအရေးပေါ်အခြေအနေများ၊ ငွေကြေးဖောင်းပွမှု၊ သဘာဝဘေး အန္တရာယ်များ၊ မြေယာသိမ်းယူမှု၊ ရာဇဝတ်မှုများ၊ အဓမ္မစစ်သားစုဆောင်းမှုနှင့် စစ်ပွဲများ စသည့် အကျပ်အတည်း တစ်ခုပြီးတစ်ခု ဖြစ်ပွားခဲ့သောကြောင့် ပြည်သူများ၏ ပြန်လည်ထူထောင်ရေး စွမ်းအင်နှင့် ခံနိုင်ရည် စွမ်းအား ပို၍ ခက်ခဲလာခဲ့သည်။ ၂၀၁၁ ခုနှစ်တွင် နိုင်ငံရေးအသွင်ကူးပြောင်းမှု စတင်ပြီးနောက် အရပ်ဘက်လူမှုအဖွဲ့အစည်းလှုပ်ရှားမှုများ မြိုင်မြိုင်ဆိုင်ဆိုင် ပေါ်ပေါက်ခဲ့ပြီး ၎င်းတို့သည် အရေးပေါ် အခြေအနေတိုင်းတွင် ရှေ့တန်းမှ တုံ့ပြန်ဆောင်ရွက်သူများအဖြစ် ပါဝင်ကာ နိုင်ငံတကာအကူအညီ ယန္တရားများထက်ပင် ပိုမိုမြန်ဆန်ပြီး ထိရောက်ကြောင်း သက်သေပြခဲ့သည်။ သို့သော် ယနေ့တွင် ထိုဖြစ်တည်မှု၏ အစိတ်အပိုင်းများစွာ ကြေမွသွားခဲ့ရပြီဖြစ်သည်။

ပြည်သူများအပေါ် နောက်ဆုံးဖိအားမှာ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလတွင် စစ်အုပ်စုမှ အတည်ပြု ပြဋ္ဌာန်းခဲ့သော အမျိုးသားကာကွယ်ရေးဥပဒေဖြစ်သည်။ ယင်းဥပဒေအရ အသက် ၁၈ နှစ်မှ ၄၅ နှစ် ကြားရှိ အမျိုးသားနိုင်ငံသားများနှင့် အသက် ၁၈ နှစ်မှ ၃၅ နှစ်ကြားရှိ အမျိုးသမီးနိုင်ငံသားများသည် စစ်တပ်တွင် အနည်းဆုံး နှစ် မှုထမ်းဆောင်ရမည်ဖြစ်သည်။ ထို့ကြောင့် ဒေသအခြေပြု အရပ်ဘက် လူ့အဖွဲ့အစည်း၏ အဓိကတွန်းအားဖြစ်သော လူငယ်အများအပြားသည် ယခုအခါ ၎င်းတို့၏ နေအိမ်နှင့် ဒေသများကို စွန့်ခွာထွက်ပြေးနေကြရပြီး အချို့မှာ စစ်အာဏာရှင်စနစ်ကို တိုက်ခိုက်ရန် တော်လှန်ရေး အဖွဲ့များသို့ မိမိဆန္ဒအလျောက် ပူးပေါင်းပါဝင်နေကြကာ၊ အချို့မှာ အသက်ရှင် ရပ်တည်ရေးနှင့် ပိုမိုကောင်းမွန်သော အခွင့်အလမ်းများ ရှာဖွေရန်အတွက် အိမ်နီးချင်းနိုင်ငံများသို့ ပြောင်းရွှေ့နေထိုင် လျက်ရှိသည်။ ကျန်ရှိနေသော ပြည်သူများသည် စကစနှင့် တော်လှန်ရေးတပ်ဖွဲ့များ အကြား တိုက်ပွဲများ မြင့်တက်လာခြင်းကြောင့် ဖြစ်ပေါ်လာသော မလုံခြုံမှုများနှင့်အတူ နိုင်ငံရေးနှင့် စီးပွားရေးအကျပ်အတည်းများကြား အသက်ရှူပင် ဝဝမရှူနိုင် ဖြစ်နေရသည်။

မြန်မာနိုင်ငံအတွင်းရှိ လူအများအပြား၏အသက်ရှူကြပ်ခြင်း” သည် ဆယ်စုနှစ်များစွာ ကြာမြင့်နေပြီ ဖြစ်ပြီး စနစ်အားဖြင့် မျှတမှုများနှင့် ဖိနှိပ်ချုပ်ချယ်မှုများကို ထင်ဟပ်နေကြောင်း အသိအမှတ်ပြုရန် အရေးကြီးသည်။ ဥပမာအားဖြင့် သောကြာနေ့တွင် ဝတ်ပြုချိန်၌ ငလျင်လှုပ်သောကြောင့် အသက်ဆုံးရှုံးခဲ့ရသော မွတ်ဆလင်အသိုင်းအဝိုင်းသည် ၁၉၆၂ ခုနှစ်တွင် နေဝင်း စစ်အစိုးရ အာဏာသိမ်းချိန်မှစ၍ အစိုးရအဆက်ဆက် လိုအပ်သော ပြုပြင်မှုများ သို့မဟုတ် အဆင့်မြှင့်တင်မှုများ လုပ်ခွင့်မရခဲ့သောကြောင့် မခိုင်ခံ့သည့် ဗလီခေါင်မိုးများအောက်တွင် ဝတ်ပြုကိုးကွယ်ခဲ့ရသည်။ တိုင်းရင်းသားလူမျိုးစုနယ်မြေများတွင် ဆယ်စုနှစ်များစွာကြာ ခေတ်အဆက်ဆက် လျစ်လျူရှုခံထား ရခြင်းနှင့် လက်နက်ကိုင်ပဋိပက္ခ၏ သက်ရောက်မှုများသည် ကျေးလက်ဒေသများ၏ ဖွံ့ဖြိုးတိုးတက်မှု ကို နောက်ချန်စေခဲ့ကာ ဒေသခံပြည်သူများကို ဘေးအန္တရာယ်၏ ဆိုးရွားသော သက်ရောက်မှုများကို အထူးခံစားစေခဲ့သည်။ သဘာဝဘေးအန္တရာယ်များသည် လူအားလုံးကို သက်ရောက်မှုရှိသော်လည်း ထိခိုက်နိုင်ခြေ အတိုင်းအတာမှာ လူမှုရေးဖြစ်တည်မှုအပေါ် မူတည်၍ ကွဲပြားခြားနားပါသည်။ နိုင်ငံတော်အာဏာကို ထိန်းချုပ်ရန် ကြိုးပမ်းခဲ့သော အုပ်စိုးသူအဆက်ဆက်၏ ခွဲခြားဖိနှိပ်ဆက်ဆံသည့် မူဝါဒများကြောင့်ဆိုသည်မှာ သိသာထင်ရှားပါသည်။

နိုင်ငံတကာတုံ့ပြန်မှုနှင့် “ဆိုးကျိုးမဖြစ်ရေး” (“Do No Harm”) ၏အရေးပါမှု

ငလျင်ဘေးအပြီးတွင် နိုင်ငံတကာအစိုးရများနှင့် လူသားချင်းစာနာထောက်ထားမှု အေဂျင်စီများစွာသည် ငွေကြေးအကူအညီနှင့် ကယ်ဆယ်ရေးအထောက်အပံ့များအပါအဝင် မြန်မာနိုင်ငံအား အကူအညီများ ပေးရန် ကတိပြုခဲ့ကြသည်။ မကြာသေးမီက နိုင်ငံတွင်းနှင့် နယ်စပ်တစ်လျှောက်တွင် လူ့အသက် များစွာကို ကယ်တင်ပေးနေသော အစီအစဉ်များစွာကို ရပ်တန့်ခဲ့သည့် အမေရိကန်ပင်လျှင် ကူညီရန် ကတိပြုခဲ့သည်။

ဤသို့ နိုင်ငံတကာမှ မြန်မာနိုင်ငံအပေါ် ပြန်လည်စိတ်ဝင်စားလာခြင်းသည် မျိုးဆက် Z တက်ကြွလှုပ်ရှား သူများက ၂၀၂၁ ခုနှစ် စကစ၏ အာဏာသိမ်းရန် ကြိုးပမ်းမှုကို တော်လှန်စဉ်က မေးမြန်းခဲ့သော "သင်တို့၏ အာရုံစိုက်မှုကိုရရှိရန် အလောင်း ဘယ်လောက်များများ လိုအပ်ပါသလဲ" ဟူသည့် မေးခွန်းကို ပြန်လည်အမှတ်ရစေသည်။ ဤစကားသည် နောက်ပိုင်းတွင် ဝမ်းနည်းဖွယ်ရာ မှန်တကယ် ဖြစ်လာခဲ့ပြီး မြန်မာစစ်တပ်သည် နိုင်ငံရေးတက်ကြွလှုပ်ရှားသူများ၊ အလုပ်သမားသမဂ္ဂများ၊ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့များ၊ လူငယ်လှုပ်ရှားမှုများနှင့် လူတန်းစားပေါင်းစုံမှ ပြည်သူများအပေါ် အကြမ်းဖက်မှုများ ပိုမိုဆိုးရွားလာခဲ့သည်။ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) နောက်ဆုံးစာရင်းအရ ၂၀၂၁ ခုနှစ် အာဏာသိမ်းချိန်မှစ၍ လူပေါင်း ,၀၀၀ ကျော် သေဆုံးခဲ့ပြီး ၃၀,၀၀၀ နီးပါး ဖမ်းဆီးခံခဲ့ရကာ ၁၇၂ ဦးကို သေဒဏ်ချမှတ်ခဲ့သည်။

ပြည်သူများ အသက်ဆုံးရှုံးရမှု အရေအတွက်သည် ဝမ်းနည်းဖွယ်ရာ လုံလောက်သည်ထက်ပို သော်လည်း နိုင်ငံတကာ၏ အာရုံစိုက်မှုမှာ အလွန်နည်းပါးပြီး ထိရောက်မှုလည်း ရှိခဲ့ပါ။ သို့သော်လည်း ယခုငလျင်ကြောင့် မြန်မာနိုင်ငံအပေါ် အာရုံစိုက်မှု ပြန်လည်ရရှိလာခဲ့သည်။ အချို့အတွက် ထိုအာရုံစိုက်မှုမှာ လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရန်အတွက်သာ ဖြစ်သော်လည်း အချို့အတွက်မူ မြန်မာ့အရေး ပူးပေါင်းဆောင်ရွက်ရန် ဗျူဟာမြောက် အခွင့်အရေးတစ်ရပ်ကို ကိုယ်စား ပြုနိုင်ပါသည်။ မည်သို့ပင် ရည်ရွယ်စေကာမူ နိုင်ငံတကာ အသိုင်းအဝိုင်းအနေဖြင့် မြန်မာနိုင်ငံနှင့် ထိတွေ့ဆက်ဆံရာတွင်ဆိုးကျိုးမဖြစ်ရေးလူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အခြေခံမူများကို လိုက်နာကျင့်သုံးကာ ကောင်းမွန်ပြီး အချိန်အတော်ကြာအောင် အခြေခံလူ့ဂုဏ်သိက္ခာ ဆုံးရှုံးခဲ့ရသော ပြည်သူများ၏ လိုအပ်ချက်များနှင့် ဆန္ဒများကို ဦးစားပေးရန် မဖြစ်မနေ လိုအပ်ပါသည်။ ဤသို့ဆောင်ရွက်ရာတွင် ၂၀၂၅ ခုနှစ် ငလျင်အပြီး ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများနှင့်ပတ်သက်၍ အရပ်ဘက်လူမှုအဖွဲ့အစည်းများမှ တင်ပြသော အကြံပြုချက်များကို လိုက်နာရန် အရေးကြီးပါသည်။

ငလျင်ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများအတွက် အကြံပြုချက်များ

၂၀၂၅ ခုနှစ် မြန်မာနိုင်ငံတွင် ဖြစ်ပွားခဲ့သော ငလျင်အပြီးတွင် ထိရောက်ပြီး ကျင့်ဝတ်နှင့်ညီညွတ်သော အကူအညီများပေးအပ်နိုင်ရန်အတွက် နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် လူသားချင်းစာနာ ထောက်ထားမှု၊ ဘက်မလိုက်မှုနှင့် လွတ်လပ်စွာလုပ်ကိုင်ဆောင်ရွက်မှုဟူသော လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ မူဝါဒများကို လိုက်နာရန် အရေးကြီးသည်။ ယင်းသို့ဆောင်ရွက်နိုင်ရန်အတွက် အရပ်ဘက်လူမှုအဖွဲ့အစည်းများအနေဖြင့်  အောက်ပါအကြံပြုချက်များကို ထည့်သွင်းစဉ်းစားကာ အကောင်အထည်ဖော်ဆောင်ရွက်ရန် အလေးအနက် တိုက်တွန်းထားပါသည်-

  1. ထိခိုက်လွယ်သူများကို ကာကွယ်ခြင်းနှင့် နောက်ထပ်အန္တရာယ်မဖြစ်စေရန် တားဆီးခြင်း
    • စစ်တပ်၏ ပြည်သူအပေါ်ရက်စက်ကြမ်းကြုတ်သည့် လုပ်ရပ်များကို အဆုံးသတ်ပါ။ စစ်ကောင်စီအနေဖြင့် အဓမ္မ စစ်သားစုဆောင်းခြင်း၊ အကူအညီပေးပို့ခြင်းကို ဟန့်တားခြင်းနှင့် လူငယ်ကယ်ဆယ်ရေးစေတနာ့လုပ်သားများကို မတရားဖမ်းဆီးခြင်း တို့ကို ချက်ချင်းရပ်တန့်ရန် ဖိအားပေးရမည်။
    • အင်တာနက်ပိတ်ပင်ခြင်းနှင့် ကန့်သတ်ခြင်းများကို အဆုံးသတ်ပါ။ စစ်ကောင်စီ အနေဖြင့် အင်တာနက်နှင့် ဆက်သွယ်ရေးဝန်ဆောင်မှုများကို ချက်ချင်းနှင့် ခြွင်းချက်မရှိ ပြန်လည်ဖွင့်ပေးရမည်ဖြစ်ပြီး ပြည်သူများ၏ သတင်းအချက်အလက်ရပိုင်ခွင့်ကို ဟန့်တားသော ကန့်သတ်ချက်အားလုံးကို ရုပ်သိမ်းပေးရမည်။ ၎င်းတွင် လွတ်လပ်သော မီဒီယာများမှ ဘေးအန္တရာယ်ဒဏ်ခံထားရသော ဒေသများသို့ သွားရောက်ခွင့်ပြုခြင်း လည်း ပါဝင်သည်။
    • နိုင်ငံရေးအမြတ်ထုတ်ခြင်းကို တားဆီးပါ။ သဘာဝဘေးအန္တရာယ် အကျပ်အတည်းကို အခွင့်ကောင်းယူကာ စစ်ကောင်စီနှင့် ၎င်း၏မဟာမိတ်များမှ တရားဝင်မှု တည်ဆောက်ရန်နှင့် ပြည်သူအပေါ်ဖိနှိပ် အုပ်ချုပ်မှုကို အားကောင်းလာစေရန်အတွက် နိုင်ငံရေး အမြတ်ထုတ်ခြင်းအားလုံးကို တားဆီးရမည်။ အရေးပေါ်အကူအညီများကို စစ်ကောင်စီ မှတစ်ဆင့် သို့မဟုတ် စစ်ကောင်စီကို မပေးအပ်ရပါ။
  2. ထိရောက်ပြီး တန်းတူညီမျှသော အကူအညီပေးအပ်မှုကို သေချာစေခြင်း
    • တိုက်ရိုက်အကူအညီပေးအပ်ခြင်း။ ငလျင်ကြောင့် ထိခိုက်ခံစားနေသူများထံ အကူ အညီများရောက်ရှိစေရန်အတွက် တိုက်ရိုက်အရေးပေါ်ကယ်ဆယ်ရေးနှင့် အထောက် အပံ့များကို ဦးစားပေးရမည်။ ယင်းကို ဒေသတွင်းအရပ်ဘက် လူမှုကွန်ရက်များနှင့် ဒေသအခြေပြုအဖွဲ့အစည်းများမှတစ်ဆင့် အကူအညီများ ပေးအပ်ခြင်းဖြင့် ဆောင်ရွက် သင့်သည်။ လိုအပ်ပါက နယ်စပ်ဖြတ်ကျော် အကူအညီများကို လူမှုရေး၊ နိုင်ငံရေးနှင့် တော်လှန်ရေးအဖွဲ့အစည်းများနှင့် ပူးပေါင်း ဆောင်ရွက်ခြင်းဖြင့် ပံ့ပိုးသင့်သည်။
    • ဂျဲန်ဒါ အကဲဆတ်မှုရှိသော အထောက်အပံ့ကို ဦးစားပေးလုပ်ဆောင်ပါ။ အကူအညီပေးရေး လုပ်ငန်းများတွင် အမျိုးသမီးများအတွက် လစဉ်သုံးပစ္စည်းများ၊ လုံခြုံသည့် ခိုလှုံရာနေရာနှင့် ကိုယ်ဝန်ဆောင်အမျိုးသမီးများ၊ မိခင်အသစ်များနှင့် ကလေးငယ်များ အပါအဝင် အမျိုးသမီးအားလုံးအတွက် ပြည့်စုံသော ဆေးကုသမှုများ ရှိစေခြင်းတို့ ပါဝင်သည်။
    • စိတ်ဒဏ်ရာကို ထည့်သွင်းစဉ်းစားသည့် ပြုစုစောင့်ရှောက်မှုပေးအပ်ပါ။ ဘေးအန္တရာယ် ကြောင့် စိတ်ပိုင်းဆိုင်ရာ သက်ရောက်မှုအတွက် အရေးတကြီး ဂရုပြုဆောင်ရွက်ပေးရန် လိုအပ်သလို ဖြစ်ပွားနေဆဲ နိုင်ငံရေးအခြေအနေနှင့် အကြမ်းဖက်မှုများကြောင့် ဖြစ်ပေါ်ခဲ့သည့် စိတ်ဒဏ်ရာများကိုပါ ထည့်သွင်းစဉ်းစားရန် လိုအပ်သည်။
  3. စစ်အုပ်စုအပေါ် ဖိအားပေးခြင်း
  • နိုင်ငံတကာဖိအားများ တိုးမြှင့်ပါ။ အရပ်သားပြည်သူများကို လေကြောင်းမှ တိုက်ခိုက် နေဆဲဖြစ်သော စစ်အုပ်စုအပေါ် နိုင်ငံတကာအစိုးရများအနေဖြင့် ထိရောက်သော ဖိအားများပေးကာ ပြတ်သားသော အရေးယူဆောင်ရွက်မှုများ ပြုလုပ်ရမည်။
  • တိကျသောပိတ်ဆို့အရေးယူမှုများ ဆောင်ရွက်ပါ။ လေယာဉ်ဆီ ထောက်ပံ့မှု ပိတ်ဆို့ရေးနှင့် ကမ္ဘာလုံးဆိုင်ရာ လက်နက်တင်သွင်းမှု တားမြစ်ရေးတို့ကို အဓိကပါဝင် ပတ်သက်သူများအား အရေးတကြီး တောင်းဆိုရမည်။ ဤဆောင်ရွက်ချက် များသည် တစ်နိုင်ငံလုံးရှိ အကျပ်အတည်းများကြား ဒုက္ခရောက်နေသော ပြည်သူများအပေါ် မြန်မာစစ်တပ်မှ ထပ်မံအန္တရာယ်ပြုနိုင်စွမ်းကို ကန့်သတ်ရန်အတွက် အလွန်အရေးကြီး ပါသည်။

* Lahkyen Roi သည် မြန်မာနိုင်ငံတွင် မြေယာ၊ သဘာဝသယံဇာတနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အရေးများကို ဒေသခံအဖွဲ့အစည်းများနှင့် လုပ်ဆောင်နေသော လှုပ်ရှားသူတစ်ဦး၏ ကလောင် အမည် ဖြစ်သည်။


Links: