ကမ္ဘာလုံးဆိုင်ရာ တားမြစ်သီးနှံပင် စိုက်ပျိုးထုတ်လုပ်သူများညီလာခံ (GFPPP)

Publication date:

ယေဘုယျအားဖြင့် ကမ္ဘာလုံးဆိုင်ရာ မူးယစ်ဆေးဝါးရေးရာ မူဝါဒစကားဝိုင်းအတွင်း ကိုကာရွက်၊ ဘိန်းပင်နှင့် ဆေးခြောက်ပင် စိုက်ပျိုးထုတ်လုပ်မှုအတွင်း ပါဝင်လျက်ရှိသည့်ထိခိုက်ခံလူထုလူတန်းစားများ၏ အသံများ ပျောက်ဆုံးလျက်ရှိသဖြင့် ၂၀၁၆ ခုနှစ်တွင် ကျင်းပခဲ့သည့် ကုလသမဂ္ဂ အထွေထွေညီလာခံ၏ ကမ္ဘာ့မူးယစ် ဆေးဝါးပြဿနာဆိုင်ရာ အထူးအစီအစဉ်(UNGASS)မှ ချန်လှပ်ခံရနိုင်သည့် အရဲစွန့်ရမှုအန္တရာယ်ရှိလာခဲ့သည်။

About ကမ္ဘာလုံးဆိုင်ရာ တားမြစ်သီးနှံပင် စိုက်ပျိုးထုတ်လုပ်သူများညီလာခံ (gfppp)

Publication type
Report

၂၀၁၆ ခုနှစ် ဇန်န၀ါရီလအတွင်း ကမ္ဘာလုံးဆိုင်ရာ တားမြစ်သီးနှံပင်စိုက်ပျိုးသူများ ညီလာခံ(GFPPP)အတွက် ကမ္ဘာအရပ်ရပ်မှ တားမြစ်သီးနှံစိုက်ပျိုးသည့်တောင်သူပေါင်း (၆၀)ကျော်နှင့် တောင်သူကိုယ်စားလှယ်များသည် နယ်သာလန်နိုင်ငံ၌ Transnational Institute (TNI)၏ အစီအစဉ်ဖြင့် စုဝေးခဲ့ကြပြီး တရားမ၀င်သီးနှံပင် စိုက် ပျိုးထုတ်လုပ်မှု ထိန်းချုပ်ရေးမူဝါဒများနှင့် ပတ်သက်သည့် မိမိတို့၏ သဘောထားများနှင့် အတွေ့အကြုံများကို နှီးနှောဖလှယ်ခဲ့ကြသည်။

“ဟမ်းစကတ် ကြေညာစာတမ်း”ဟုခေါ်ဆိုသည့် GFPPP ၏ ဆွေးနွေးသုံးသပ်မှု ရလဒ်များကို အရပ်ဖက်လူမှုအ ဖွဲ့အစည်းဆိုင်ရာ အထူးလုပ်ငန်းအဖွဲ့မှတစ်ဆင့် ကုလသမဂ္ဂသို့ တင်သွင်းခဲ့ပြီးညီလာခံကိုယ်စားလှယ်တစ် ချို့လည်း ၂၀၁၆ ခုနှစ် ဧပြီလ ၁၉ နှင့် ၂၁ ရက်နေ့အကြား နယူးယောက်မြို့၌ ကျင်းပခဲ့သည့် UNGASS ၌ တက် ရောက်ပါဝင်ခဲ့ကြပါသည်။

ဤအစီရင်ခံစာ၌ နှီးနှောဖလှယ်ရေးလုပ်ငန်း ပုံရိပ်များနှင့်အတူ ဟမ်းစကတ်ကြေညာစာတမ်းပါ GFPPP၏ သုံး သပ်တင်ပြချက်များကို အသေးစိတ်ရှင်းလင်းတင်ပြထားပါသည်။

Ideas into movement

Boost TNI's work

50 years. Hundreds of social struggles. Countless ideas turned into movement. 

Support us as we celebrate our 50th anniversary in 2024.

Make a donation