၂၀၁၆ ခုနှစ် ဇန်န၀ါရီလအတွင်း ကမ္ဘာလုံးဆိုင်ရာ တားမြစ်သီးနှံပင်စိုက်ပျိုးသူများ ညီလာခံ(GFPPP)အတွက် ကမ္ဘာအရပ်ရပ်မှ တားမြစ်သီးနှံစိုက်ပျိုးသည့်တောင်သူပေါင်း (၆၀)ကျော်နှင့် တောင်သူကိုယ်စားလှယ်များသည် နယ်သာလန်နိုင်ငံ၌ Transnational Institute (TNI)၏ အစီအစဉ်ဖြင့် စုဝေးခဲ့ကြပြီး တရားမ၀င်သီးနှံပင် စိုက် ပျိုးထုတ်လုပ်မှု ထိန်းချုပ်ရေးမူဝါဒများနှင့် ပတ်သက်သည့် မိမိတို့၏ သဘောထားများနှင့် အတွေ့အကြုံများကို နှီးနှောဖလှယ်ခဲ့ကြသည်။
“ဟမ်းစကတ် ကြေညာစာတမ်း”ဟုခေါ်ဆိုသည့် GFPPP ၏ ဆွေးနွေးသုံးသပ်မှု ရလဒ်များကို အရပ်ဖက်လူမှုအ ဖွဲ့အစည်းဆိုင်ရာ အထူးလုပ်ငန်းအဖွဲ့မှတစ်ဆင့် ကုလသမဂ္ဂသို့ တင်သွင်းခဲ့ပြီးညီလာခံကိုယ်စားလှယ်တစ် ချို့လည်း ၂၀၁၆ ခုနှစ် ဧပြီလ ၁၉ နှင့် ၂၁ ရက်နေ့အကြား နယူးယောက်မြို့၌ ကျင်းပခဲ့သည့် UNGASS ၌ တက် ရောက်ပါဝင်ခဲ့ကြပါသည်။
ဤအစီရင်ခံစာ၌ နှီးနှောဖလှယ်ရေးလုပ်ငန်း ပုံရိပ်များနှင့်အတူ ဟမ်းစကတ်ကြေညာစာတမ်းပါ GFPPP၏ သုံး သပ်တင်ပြချက်များကို အသေးစိတ်ရှင်းလင်းတင်ပြထားပါသည်။